နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်းက ဦးဘိုကြည်နဲ့ မေးမြန်းချက်


2016.01.23

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေထဲက နိုင်ငံသားအကျဉ်းသား ၁ဝဝ ကျော်ကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။