ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲနဲ့ မေးမြန်းချက်
2016.07.30
မြန်မာနိုင်ငံပြဿနာဖြေရှင်းမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အာလုံးပါဝင်နိုင်မယ့်သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်ဖို့ မိုင်ဂျာယန်ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်ပင်နေကြသလို၊ ဒီကိစ္စကို NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့ တွေပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ပြည်နယ်သတ်မှတ်ရာမှာ သမိုင်းဆိုင်ရာလူမျိုးတွေကို အခြေခံစဉ်းစားတဲ့ အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်ဆိုတာမျိုးလောက်ပဲ အခုညီလာခံမှာ ဆွေးနွေးကြတာရှိပြီး၊ အသေးစိတ်ကိုမဆွေးနွေးသေးဘူးလို့လည်း သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။