ANC ဦးနိုင်စိုး ကို ပြန်လွှတ်ပေးဖို့ စာပို့တောင်းဆိုထားတဲ့အကြောင်း မေးမြန်းချက်


2018.02.28

အစိုးရနဲ့ NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ ANC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စိုးကို စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားတာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီဗုံးပေါက်ကွဲမှုမှာ ပါဝင်မှုမရှိတဲ့အတွက် ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ထားတယ်လို့ ANC က မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်အမျိုးသားကောင်စီ ANC ပြောခွင့်ရ ဦးထွန်းဇော်ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။