အမ်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမောင်မောင်အုန်းနဲ့ မေးမြန်းချက်


2015.09.28

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မကြာသေးခင်က အနားယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။

ဦးမောင်မောင်အုန်းဟာ ရခိုင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက်ကိုလည်း တာဝန်ယူဆောင်ရွက်နေပါတယ်။ အမ်းမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရမယ်လို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

ဦးမောင်မောင်အုန်းကို အမ်းမြို့နယ်က သူ့နေအိမ်မှာ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။