မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပိုများလာနိုင်
2020.04.22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် စောင့်ကြည့် စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ မြန်မာနိုင်ငံရဲ့ အခြေအနေအရ စောင့်ကြည့်စင်တာတွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ "Covid-19 သတင်းပြန်ကြားရေးအဖွဲ့" က RFA ကို ပြောလိုက်ပါတယ်။
Covid-19 သတင်းပြန်ကြားရေးအဖွဲ့က ဒေါက်တာ ဒေါ်တင်တင်ကြည်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။