တီဘီရောဂါတိုက်ဖျက်ရေးအကြောင်း မေးမြန်းချက်


2016.11.13

ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၁ သန်း အသုံးပြုပြီး ရန်ကုန်နဲ့ မန္တလေးတို့မှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦး ၄ ခု ဆောက်လုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအဆောက်အအုံ ၄ ခုထဲက တစ်ခုဖြစ်တဲ့ တီဘီရောဂါ ကုသရေး ပြင်ပလူနာဌာန လေးထပ်အဆောက်အအုံသစ်ကို ဒီနေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဆောက်လုပ်ဖို့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါတယ်။

ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က လုပ်ဆောင်နေတဲ့ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး 3MDG ရဲ့ အကြီးတန်း ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာအေးယုစိုး ကို RFA သတင်းထောက် မသက်စုအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။