မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးတွေ ကြေညာ
2016.12.28
တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်းရောင်းချနေတဲ့ တိုင်းရင်းဆေးဝါး အမှတ်တံဆိပ်တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီထဲမှာ သောက်ဆေး ၁၇ မျိုး နဲ့ လိမ်းဆေး ၂ မျိုး ပါဝင်ပြီး ထုတ်လုပ်တဲ့လိပ်စာမပါတဲ့ ဆေးတွေလည်း ပါရှိပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်မြင့်သန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ် မေးမြန်းထားပါတယ်။