သင်ကြားရေးစနစ်သစ်အကြောင်း ဆက်သွယ်မေးမြန်းချက်


2013.09.30

NLD ပညာရေးကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင် ဦးစီးဆောင်ရွက်နေတဲ့ စဉ်းစားတွေးခေါ်သော စာသင်ခန်းဖေါင်ဒေးရှင်းကနေ အခြေခံပညာသင်ဆရာ၊ ဆရာမတွေကို နိုင်ငံတကာ သင်ကြားမှုနည်းစနစ်တွေနဲ့ ပတ်သက်လို့ ရက်တိုသင်တန်းတွေပို့ချနေပါတယ်။

ကျောင်းသားတွေကို အလွတ်ကျက်မှတ်သင်ကြားတဲ့ ဆရာဗဟိုပြုစနစ်ကနေ၊ ကျောင်းသားတွေကိုယ်တိုင် လေ့လာစဉ်းစားဆင်ခြေနိုင်စွမ်းရှိအောင် ညွှန်ပြပေးတဲ့စနစ်ကို ပို့ချနေတာလို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီစဉ်းစားတွေးခေါ်သော စာသင်ခန်းဖေါင်ဒေးရှင်းက နည်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်သူသူမာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။