ကပ်ဘေးကာလ စည်းကမ်းချက်တွေ မပျက်ကွက်ဖို့ တိုင်းကျန်းမာရေး သတိပေး
2020.11.26
ကပ်ဘေးကာလမှာ ပြည်သူတွေရဲ့ စိတ်မွန်းကြပ်မှု သက်သာဖို့၊ စီးပွားရေး၊ သွားရေးလာရေး အဆင်ပြေဖို့ ဖြေလျှော့သင့်တာတွေလုပ်ပေးမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစိုးရဘက်က ဖြေလျှော့တာတွေ လုပ်ပေးရင်တောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကပ်ဘေးကာလ ကာကွယ်ရေးစည်းကမ်းတွေအတိုင်း မဖြစ်မနေ လိုက်နာရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သတိပေးလိုက်ပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်း က တွေ့ဆုံမေးမြန်းထားပါတယ်။