အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေ တစ်လ သုံးသောင်းနဲ့ ငှားရန်းနေထိုင်နိုင်
2016.01.30
ရန်ကုန်မှာ အမှန်တကယ်နေထိုင်ပြီး အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေအတွက် တစ်လ သုံးသောင်းနဲ့ ငှားရန်းနေထိုင်နိုင်တဲ့ မဟာဗန္ဓုလ အငှားအိမ်ရာလျှောက်လွှာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အခန်းပေါင်း ၁၂၀၀ ကျော်ကို ငှားရန်းပေးသွားမှာဖြစ်ပြီး အိုးပိုင်၊ အိမ်ပိုင် မရှိကြောင်း အထောက်အထားပြနိုင်သူတွေ ကို မဲစနစ်နဲ့ ရွေးချယ် ငှားရန်ပေးသွားမှာ ဖြစ်တယ်လို့ ပြော ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့်စွမ်းအင် ဝန်ကြီး ဦးကျော်စိုးကို RFA သတင်းထောက် ကိုဘုန်းမြတ် က ဆက်သွယ်မေးမြန်းထားပါတယ်။