တော်လှန်ရေးအောင်ပွဲရတဲ့အထိ အရှိန်မြှင့်သွားမယ်လို့ NUG ဖက်ဒရယ်ဝန်ကြီးပြောကြား
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.01.20
2023.01.20
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၂ နီးပါးရှိလာပြီဖြစ်ပြီး စစ်ကောင်စီက အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းနေပေမယ့် ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ စိတ်ဓါတ်ကျ အားလျော့သွားတာမျိုးမရှိဘဲ တော်လှန်ရေးအောင်ပွဲအတွက် ဆက်လက်အရှိန်အဟုန်မြှင့်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ရေးရာဝန်ကြီးလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ ဆက်သွယ်မေးမြန်းထားပါတယ်။