ရဲရင့်နွေဦးကွန်ဒို ဒေါ်လာ ရှစ်သန်းကျော်ဖိုး ဝယ်ယူဖို့ အမှာစာရရှိပြီးပြီလို့ NUG ဝန်ကြီးပြော
ခင်မောင်စိုး
2023.01.21
2023.01.21
NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် ည ၁ဝ နာရီမှာ စတင်ရောင်းချတဲ့ ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာပြည်သူတွေဆီက ကြိုတင်ဝယ်ယူမယ့် အမှာစာတွေ ရခဲ့ပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က RFA ကို ပြောကြားပါတယ်။
စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ သန်းကျော်ရရှိမယ့်အနက် ဒေါ်လာ ရှစ်သန်းကျော်ဖိုး ကြိုတင်ရောင်းချဖို့ အမှာစာရရှိခဲ့တာလို့ ဆိုပါတယ်။ ဝန်ကြီး ဦးတင်ထွန်းနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။