တိုင်းရင်းသားအခွင့်အရေး ဦးစားပေးလုပ်ဆောင်မယ်လို့ KysDP အနိုင်ရကိုယ်စားလှယ် ပြောကြား
စိုးစိုးထက်
2020.11.17
2020.11.17
ကားလမ်းဖောက်ပေးမယ်၊ လျှပ်စစ်မီးရအောင်လုပ်ပေးမယ်ဆိုတာထက် တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို လွှတ်တော်တွင်းကနေ တောင်းဆိုပေးသွားမယ်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စောအားဒိုက ပြောပါတယ်။
လွှတ်တော်တွင်းမှာ ဘဝတူတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းသွားမယ်လို့လည်းဆိုပါတယ်။ စောအားဒိုကို RFA သတင်းထောက် မစိုးစိုးထက် တွေ့ဆုံမေးမြန်းထားပါတယ်။