ပြည်သူတွေ ဘာလိုချင်လဲဆိုတာကို စစ်ကောင်စီအဖြေရှာဖို့ NUG ဝန်ကြီးတိုက်တွန်း
2021.06.16
နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးပါတီ တစ်ခုခုအကြားဖြစ်နေတာ မဟုတ်ဘဲ စစ်တပ်နဲ့ ပြည်သူအကြား ဖြစ်နေတဲ့ပြဿနာမို့ ပြည်သူတွေ ဘာလိုချင်လဲဆိုတာကို စစ်ကောင်စီဘက်က အသေအချာ စဉ်းစားပြီး အဖြေရှာသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေးစိုးက ပြောလိုက်ပါတယ်။
ဒီပြောဆိုချက် အပါအဝင် ဇွန်လ ၁၂ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းပွဲအတွင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။