မန္တလေးမြို့တိုင်းမှာ မဲပေးခွင့်ရှိသူစာရင်း ၅ ထောင်ကျော် ပိုနေ


2015.10.29

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူစာရင်းမှာ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒါ့အပြင် တခြားမြို့နယ်တွေမှာလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းက သောင်းနဲ့ချီပိုနေတာတွေ တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအောင်နိုင်ရေးအဖွဲ့တွေထံ ပေးပို့ထားတဲ့စာမှာ ပါရှိတယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ တိုင်းအန်အယ်လ်ဒီပါတီရုံးရှေ့မှာ RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။