မြန်မာနိုင်ငံသားဂျူးလူမျိုး ကိုဆမ်မီနဲ့ တွေ့ဆုံမေးမြန်းချက်
2019.06.14
■ ၂ဝ၁၉ ဇွန်လဆန်းပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ “အမေရိကန် ဂျူးကောင်စီ-AJC” ရဲ့ ကမ္ဘာလုံးဆိုင်ရာညီလာခံကို ကမ္ဘာအရပ်ရပ်မှာ ပျံ့နှံ့ရောက်ရှိနေတဲ့ ဂျူးလူမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီညီလာခံမှာ မြန်မာနိုင်ငံသား ဂျူးလူမျိုးတစ်ဦးဖြစ်တဲ့ ကိုဆမ်မီဆင်မြူရယ်က မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံက ဂျူးလူမျိုး အသိုက်အဝန်းအကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ လူဦးရေ ဆယ်ဂဏန်းသာ ကျန်တဲ့ မြန်မာနိုင်ငံက ဂျူးလူမျိုး အသိုက်အဝန်း ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေတဲ့ ကိုဆမ်မီဆင်မြူရယ်ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။