ထောင်ခြောက်နှစ်ကျသွားတဲ့ ကိုဇေယျာလွင်နဲ့ ဆက်သွယ်မေးမြန်းချက်
နေရိန်ကျော်
2020.12.15
2020.12.15
ပုဒ်မ ၅၀၅ (က) နဲ့ရော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ပါ တပ်မတော်ရဲ့တရားစွဲတာ ခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကို ဧရာဝတီတိုင်း မအူပင်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံးအမှုအတွက် ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
ဒါကြောင့် သူ့ကိုစွဲဆိုထားတဲ့ အမှုပေါင်း ၈ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ဖြစ်သွားပါတယ်။ ကိုဇေယျာလွင်ကို တရားရုံးစီရင်မှုပြီးချိန်မှာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။