သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် RFA မေးမြန်းခန်း

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.13

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ် မြန်မာပြည်သူတွေ ယုံကြည်မှု အားနည်းလာနေပြီလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ပဇီကြီးရွာလေကြောင်းသုံး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီမှာ မနေ့က တံခါးပိတ်ဆွေးနွေးခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှုမရလို့ ဆုံးဖြတ်ချက်ထွက်မလာတဲ့အပေါ် သူက ဝေဖန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီခန့်ထားတဲ့ နိုင်ငံတကာရောက် မြန်မာသံတမန်တွေဟာ ပြည်သူလူထုခံစားနေတဲ့ကိစ္စတွေကို လျစ်လျူရူထားပြီး စစ်ကောင်စီအလိုကျ ပြောဆိုနေကြတဲ့အကြောင်း၊ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လိုကြောင်းလည်း သူကသတိပေးလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဆီယံဆိုင်ရာ မြန်မာကိုယ်စားလှယ်တို့ကြား တရားဝင် တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိနေပြီလို့လည်း ပြောပါတယ်။ RFA သတင်းထောက် စောဖိုးခွား မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။