ရခိုင်ပြည်နယ်အတွင်း လူမျိုးစုပဋိပက္ခ ထပ်မံဖြစ်ပွားမှာ စိုးရိမ်ရကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူပြော
2024.05.04
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေမှာ ရိုဟင်ဂျာလူမျိုးတွေ ရာဇဝတ်မှုကျူးလွန်ခံနေရပြီး မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA နှစ်ဖက်လုံးရဲ့ အဓမ္မစစ်သားစုဆောင်းမှုခံနေရသလို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေပါ ကြုံနေရတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ အထူးသဖြင့် စစ်တပ်က ရခိုင်တိုင်းရင်းသားတွနဲ့ ရိုဟင်ဂျာကြား အမုန်းတရားကြီးမားလာအောင် ပြဿနာတစ်ခု စနစ်တကျ ဖန်တီးနေပြီး လူမျိုးစုတွေကြား ပဋိပက္ခထပ်မံဖြစ်ပွားမှာ စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက လက်ရှိ ပဋိပက္ခအခြေအနေနဲ့ ရိုဟင်ဂျာတွေအကြောင်း အပါအဝင် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့ပြီး AA အတွက် စစ်သားအင်အား ငါးသောင်းစုဆောင်းဖို့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဦးထွန်းခင်ကို မခင်ခင်အိက RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
"ဒီတွေ့ဆုံမေးမြန်းချက်ပါ ပြောဆိုချက်တွေဟာ ဖြေဆိုသူရဲ့ ပြောဆိုချက်နဲ့ သဘောထားအမြင်တွေသာ ဖြစ်ပါတယ်။"