နေရပ်ပြန်ဖို့ မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြသူများ


2020.11.08

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းဒုက္ခသည်စခန်းက မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲပြီးနောက် အိမ်ပြန်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ရနိုင်ဖို့ မျှော်လင့်ပြီး မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်စခန်း ၈၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းသုံးထောင်ကျော် မဲပေးခွင့်ရှိပါတယ်။

ကချင်တစ်ပြည်နယ်လုံးမှာ မဲဆန္ဒရှင် (၁၁) သိန်းနီးပါးရှိပြီး မဲရုံအရေအတွက် (၉၀၀)ကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။