လိပ်ကျွန်းလူသတ်မှုကို အယူခံဝင်ဖို့ စီစဉ်ဆောင်ရွက်မယ့် အကြောင်းမေးမြန်းချက်


2015.12.27

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ Koh Samuei ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့အပေါ် တရားဥပဒေကြောင်း အရ အယူခံဝင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ့်အပြင် သံတမန်ရေးရာ ဆက်ဆံရေးအရ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တောင်းဆိုသွားမှာဖြစ်တယ် လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ဦးဇော်ဌေးကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။