ရတနာရောင်ခြည်ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ မီးရှို့ဖျက်ဆီးခံရ


2016.11.04

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဟာ မနေ့ညပိုင်းက မိုင်းထောင် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ယာဉ်စက်ယန္တရားနဲ့ ဆက်စပ်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ  ၅ သန်းကျော် (ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မနေ့ညကအခြေအနေနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ ရတနာရောင်ခြည်ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတာဝန်ခံ ဦးကျော်အေး က ဖားကန့်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဦးကျော်အေး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။