လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာလျော်ကြေးတွေ မရသေး


2014.12.21

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေအများစုကို မြေယာလျော်ကြေးတွေပေးပြီးဖြစ်တယ်လို့ဝမ်ပေါင်ကုမ္ပဏီကပြောဆိုပေမဲ့၊ လယ်မြေဧက ၃၀၀၀ကျော် လျော်ကြေးမယူရသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့အတူ အကူအညီပေးသူတွေက မြေယာလျော်ကြေး မယူရသေးတဲ့ လယ်မြေဧကအတိအကျကို စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကို အကူအညီပေးနေတဲ့ မဖြူနှင်းထွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။