တန်ဖိုးနည်းအိမ်ရာ နှစ်ခု ဆောက်လုပ်ဖို့ တိုင်းအစိုးရ စီစဉ်
2017.12.26
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပဒန်ရေကျော်ကျေးရွာက တောင်သူအယောက် ၅၀ ကျော် ပိုင်တဲ့ လယ်မြေ ၂၆၂ ဧကမှာ တန်ဖိုးနည်းအိမ်ရာ ၂ ခု ဆောက်လုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေပါတယ်။
အဲဒီအိမ်ရာမှာ ကျူးကျော်တွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ထားရှိသွားမယ်လို့ သိရကြောင်း တွံတေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး က ပြောပါတယ်။
ဒေါက်တာကျော်ဇင်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။