မြန်မာပို့စ်ဂျာနယ်မှာ သတင်းရေးသားခဲ့တဲ့ အလွတ် သတင်းထောက် ကိုဇော်မင်းဦး နဲ့ မေးမြန်းချက်
2015.03.26
မြန်မာပို့စ်ဂျာနယ်မှာ "ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့တဲ့အတွက် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅ဝဝ အသရေဖျက်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။
အဲ့ဒီသတင်းကိုရေးသားခဲ့တဲ့ အလွတ်သတင်းထောက် ကိုဇော်မင်းဦး (သို့) ကိုသံလွင်မောင်မောင်က မော်လမြိုင်မြို့က မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အလွတ်သတင်းထောက် ကိုဇော်မင်းဦးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။