နန်စီပွန်ရေမဆေးသမား အကြောင်း မေးမြန်းချက်


2017.05.31
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်လုပ်ကွက်နဲ့ မကျန်ခ မှော်လုပ်ကွက်တွေအတွင်း ကျူးကျော်နေ ထိုင်နေကြတဲ့ ရေမဆေးလုပ်သားတွေကို ဒီနေ့နောက်ဆုံးထားထွက်ခွာကြဖို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အခုလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ရေမဆေးသမားတွေ မှော်တွေအတွင်းက ထွက်ခွာကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်တာတွေရှိနေသလို ရေမဆေးလုပ်သား ၁၀၀၀ နီးပါးလည်း မှော်တွေအတွင်း ရှိနေသေးတယ်လို့ ကြားသိရတယ်လို့ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး က ပြောပါတယ်။

နမ်စီပွန်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။