လေးပွင့်ဆိုင်ဆွေးနွေးပွဲတက်မယ့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို မေးမြန်းချက်
2015.02.02
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ကျောင်းသားခေါင်းဆောင်တွေ မနက်ဖြန် ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက် ၁၁ ချက်နဲ့ပတ်သက်ပြီး လွှတ်တော်အနေနဲ့ ဘယ်လောက်လိုက်လျောပေးနိုင်မလဲဆိုတဲ့အပေါ် ဆွေးနွေးပွဲတက်ရောက်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။