နေပြည်တော်ကောင်စီနယ်မြေ အုပ်ချုပ်မှုပုံစံ ပြောင်းလဲမယ်
2016.03.19
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ စီမံအုပ်ချုပ်မှုပုံစံတွေကို ပြင်ဆင်ပြောင်းလဲဖို့တွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ နေပြည်တော်ကောင်စီနယ်မြေထဲက ဥတ္တရသီရိမြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမင်းသူကို နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ အဖြစ် ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးမင်းသူကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။