သတင်းမီဒီယာနဲ့ လူထုဆက်ဆံရေးကောင်းလာအောင် NLD ပြုပြင်ပြောင်းလဲမည်
2016.03.19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး၊ သတင်းထုတ်ပြန်မှုအပိုင်းတွေမှာ လတ်တလော အားနည်းချက်တွေရှိနေပြီး၊ အစိုးရဖွဲ့စည်းပြီးရင်တော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ NLD ဗဟိုကော်မတီအဖွဲ့ဝင်နဲ့ NLD ဗဟို ပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောကြားလိုက်ပါတယ်။ NLD ပါတီကထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်တာဝန်ခံလည်းဖြစ်သူ စာရေးဆရာကြီး မုံရွာအောင်ရှင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။