NUG သဘာဝပတ်ဝန်းကျင် ဝန်ကြီးနဲ့ မေးမြန်းချက်

2021.11.22

ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၅ရက်နေ့အထိ အွန်လိုင်းကတဆင့် ကျင်းပမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဆီယံနဲ့နိုင်ငံတကာ ညီလာခံမှာ အာဆီယံဝန်ကြီးတချို့နဲ့အတူ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်လည်း ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခံထားရပါတယ်။

ဒီညီလာခံမှာ ဒေါက်တာတူးခေါင်က စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ သဘာဝသယံဇာတတွေ ပိုပြီး ပျက်စီးနိုင်တဲ့အကြောင်းကို အဓိကထားပြီး တင်ပြသွားမယ်လို့ RFA ကိုပြောပါတယ်။ ဒေါက်တာတူးခေါင်ကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။