ဖားကန့် စက်ယန္တရားကြီးတွေ ကိစ္စ ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်တွေ မေးမြန်းခံရ
2016.01.03
ကချင်ပြည်နယ် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီးဖက်ကနေ ဖားကန့်ဒေသကို ကျောက်စိမ်း တူးဖော်တဲ့ စက်ယန္တရားကြီးတွေ အများအပြား တရားမဝင် ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်တချို့ကို စစ်ဆေးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ခေါ်ယူ မေးမြန်းခံရတဲ့ ကချင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် က ဆက်သွယ်မေးမြန်းထားပါတယ်။