လှည်းကူးမြို့နယ် NLD အမတ်တွေကို ဆန္ဒပြတဲ့ အကြောင်း မေးမြန်းချက်
2016.03.21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း တို့ကို ရွေးကောက်ပွဲ ကော်မရှင် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆိုခွင့်ပြုဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်တွေက ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
အနိုင်ရကိုယ်စားလှယ်တွေ ဖြစ်ပြီး ကျမ်းကျိန်ဆိုပြီးဖြစ်တဲ့အတွက် တိုက်ရိုက်တရားစွဲခွင့် မရှိတာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်နိုင်ကြောင်း ဆန္ဒပြခံရသူ အန်အယ်လ်ဒီ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် က ပြောပါတယ်။
ဦးသိန်းတန်ကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။