တပ်နေရာချထားရေး RCSS/SSA နဲ့ အစိုးရတပ်မတော် ဆွေးနွေးမည်
2015.11.29
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါအချက်အလက်တွေကို ဆက်လက်အကောင်အထည်ဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ၊ ဒေသခံတွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့Royal Star ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဗိုလ်မှူးကြီး စိုင်းလှကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။