CSSU အစည်းအဝေး ယာယီရွှေ့ဆိုင်းတဲ့အကြောင်း မေးမြန်းချက်


2018.09.02

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အစိုးရက ခွင့်မပြုတဲ့အတွက် ယာယီ ရွှေ့ဆိုင်းထားလိုက်ရပါတယ်။

အခုလိုတားမြစ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ CSSU အတွင်းရေးမှူးချုပ် စိုင်းဘိုးအောင်က ပြောပါတယ်။

စိုင်းဘိုးအောင် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။