SNDP ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်အကြောင်း မေးမြန်းချက်
2016.11.02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မြေ ၈နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတချို့ကို ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ပါတယ်။
SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။