မုန်တိုင်းငယ်ကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်
2016.10.23
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ နောက် ၁၂ နာရီအတွင်း ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
အဲဒီမုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်မှာ မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဦးကျော်မိုးဦးကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။