သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-24
မြန်မာနိုင်ငံတဝှမ်း စစ်တပ်ရဲ့ လယ်ယာမြေသိမ်းယူခံရသူတွေထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သဘာပတိဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလည်း ပါဝင်ပါတယ်။
2014-09-23
အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်ရှိနေတဲ့ တောင်ကြီးမြို့အခြေစိုက် DEMO ခေါ် တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ပအိုဝ်းလူငယ်တစ်ဦးဖြစ်တဲ့ ကိုခွန်ခမ်းကောင်ကို ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-09-22
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဘင်္ဂါလီတွေကို နို်င်ငံသားအဖြစ် လက်ခံတဲ့နေရာမှာ စစ်ဆေးချက်တွေထဲ လွဲမှားနေတာတွေ ရှိနေတယ်ဆိုပြီး နိုင်ငံသားကဒ်ပြား ထုတ်ပေးမှုကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်၊
2014-09-21
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့ NCCT က ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေကို ရန်ကုန် တိုင်း ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက Grand Hill Hotel မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတက်ခဲ့တဲ့ ကိုမြအေး ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထား ပါတယ်။
2014-09-20
မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၁ ရက်နေ့ကျရင် လုံခြုံရေးစနစ်ပိုကောင်းတဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ်တွေ ဈေးကွက်ထဲကို စတင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
2014-09-20
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့်တဲ့ နိုင်ငံရေး မူဘောင်တွေအတွက် NLD အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နိုင်ငံရေးမူဘောင်တစ်ခုတင်ပြဖို့ စတင်ဆွေးနွေးနေပြီလို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2014-09-19
စက်တင်ဘာလ ၁၉ရက်နေ့ မနက်အစောပိုင်းက မြဝတီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ DKBA အဖွဲ့ကတပ်ရင်း ၉၁၀ က ဗိုလ်တစ်ဦးကျဆုံးပြီး ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2014-09-19
မြန်မာနိုင်ငံမှာ ငွေကျပ် ၅၀၀၀ တန် အတုလုပ်နေတာတွေကို ကာကွယ်နိုင်ဖို့အတွက် ၅ ထောင်တန် ငွေစက္ကူအသစ်တွေကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ထုတ်ဝေမှာ ဖြစ်တယ်ဆိုပေမဲ့ အရင် ၅ ထောင်တန် အဟောင်းတွေကိုလည်း ဆက်သုံးခွင့်ရှိမယ်လို့ ဗဟိုဘဏ်ကပြောပါတယ်။
2014-09-17
အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးစိုးဝင်းကို ပါတီရဲ့ မူဝါဒ သဘောထားတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံဆွေးနွေးထား ပါတယ်။
2014-09-17
မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင်သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2014-09-16
အစိုးရက ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်ရှိ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-09-16
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြဖို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ဝန်ထမ်းတွေကို ပြောကြားလိုက်ပါတယ်။
2014-09-14
ပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်မူဆက်တိုက်ပြု လုပ်နေတာနဲ့ ပတ်သက်ပြီး တက္ကသိုလ် အာဏာ ပိုင်တွေဘက်ကလည်း တင်းကြပ်မူုတွေ ပြုလုပ် လာတယ်လို့ ဆိုပါတယ်။
2014-09-12
နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နဲ့ ပြန် လည်ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ထဲက အချက် ၁၆ ကို ပြင်ဆင်ဖို့ သဘောတူတဲ့ အထဲမှာ ကျောင်းသူကျောင်းသားတွေ ကန့်ကွက်နေ ကြတဲ့ အမျိူးသားပညာရေးကော်မရှင်နဲ့ ပတ်သက် လို့တော့ ပြင်ဆင်ဖို့မပါဘူးလို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဒုတိယဥက္ကဌ ဦးခင်မောင်ရီက ပြောပါတယ်။
2014-09-10
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနှစ် ကုန်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက် အရရော ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ သာမက ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကိုလည်း ဆန့်ကျင်နေတဲ့အတွက် တရားမဝင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောပါတယ်။