သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-14
အခုချိန်ဟာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်လခွဲလောက်သာ လိုတော့တာမို့ RFA က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို သီးသန့်တွေ့ဆုံမေးမြန်းပြီး ပြည်သူတွေသိလိုတဲ့အချက်တွေကို တင်ဆက်ပေးထားပါတယ်။
2020-08-14
အခုချိန်ဟာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်လခွဲလောက် သာ လိုတော့တာမို့၊ RFA က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို သီးသန့်တွေ့ဆုံမေးမြန်းပြီး ပြည်သူတွေသိလိုတဲ့အချက်တွေကို တင်ဆက်ပေး ထားပါတယ်။ ဒီမေးမြန်းခန်းကို နှစ်ပိုင်းခွဲပြီး ထုတ်လွှင့်ပေးမှာပါ။
2020-08-13
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ ညောင်လေးပင်မဲဆန္ဒနယ်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင် ကို RFA ဝိုင်းတော်သူ မသက်စုအောင်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-08-11
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် KIO ထိန်းချုပ်နယ်မြေထဲမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေ ခွင့်မပြုဘူးလို့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။
2020-08-10
လက်ရှိ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။
2020-08-09
မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုအောင်မြင်တဲ့သူဟာ အနည်းစုဖြစ်ပြီး၊ တိုင်းရင်းသားတွေ အပါအဝင်အများစုက မအောင်မြင်ကြတဲ့အတွက် ဒီစနစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲသင့်လဲ ဆိုတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက ဆရာ/ဆရာမတွေကို မွမ်းမံသင်တန်းပေးနေတဲ့ Thinking Classroom Foundation အဖွဲ့တည်ထောင်သူ ဆရာဒေါက်တာ ဦးသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2020-08-06
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနဲ့ သီးသန့်မေးမြန်းခန်းကို ရှူစားကြရမှာပါ။
2020-07-31
ရခိုင်ပြည်နယ်တွင်းက ဘယ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာဟာ ပြည်ထဲရေးအပါအဝင် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က RFA ကို ပြောလိုက်ပါတယ်။
2020-07-30
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-07-23
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ဧရာဝတီတိုင်း အမှတ် (၈) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးကို RFA ဝိုင်းတော်သူ မသက်စုအောင်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-07-17
တရုတ် - မြန်မာနယ်စပ် မှောင်ခိုဈေးကွက်ထဲ ရောက်သွားတဲ့ ဘီလီယံချီ ဖားကန့်ကျောက်စိမ်းတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ လူရာချီသေစေခဲ့တဲ့ ဖားကန့်မိုင်းတွင်း မြေပြိုမှုနဲ့ တာဝန်ခံမှုကင်းမဲ့တဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ ထောက်အကူပြုမယ့် နည်းလမ်းတွေ အကြောင်းကို Global Witness အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစည်းရုံးရေးတာဝန်ခံ Hanna Hindstrom နဲ့ RFA က ဆက်သွယ်မေးမြန်းထားပါတယ်။
2020-07-09
ရှမ်းပြည်နယ်အတွင်းမှာ အရင်အစိုးရလက်ထပ်က ရှင်းလို့မပြတ်သေးတဲ့ မြေယာအမှုတွဲပေါင်း နှစ်ထောင့်သုံးရာကျော်နဲ့ လက်ရှိမြေယာအမှုတွဲပေါင်း ခြောက်ထောင်ကျော်ကို စိစစ်ပေးခဲ့ရပြီးအဲ့ဒီထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ တပ်မတော်နဲ့ ပတ်သက်တဲ့ မြေယာကိစ္စတွေ ဖြစ်တယ်လို့ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။
2020-07-04
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါရွာက တောင်ပြိုလို့သေဆုံးတဲ့သူ ၁၇၄ ယောက်ထိ ဖြစ်သွားပြီး မနေ့က စုပေါင်းသင်္ဂြိုဟ်လိုက်ပါတယ်။
2020-07-02
၂၀၁၈ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM ဟာ ကိုရိုနာ ဗိုင်းရပ် ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေ ကြုံနေတယ်လို့ IIMM ရဲ့ အကြီးအကဲ က ပြောပါတယ်။
2020-06-23
အစိုးရထိပ်တန်းခေါင်းဆောင်တွေ မြေကွက်ရယူတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပေါ်ပေါက်နေတာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲနီးလာလို့ တိုက်ခိုက်တာလို့ ယူဆကြောင်း NLD ပါတီ ဒုတိယဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။