သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-07
ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဇန်နဝါရီလ ၆ ရက်နေ့ည ၉ နာရီခန့်က အမ်းမြို့နယ်ထဲမှာ စတစ်ကာတွေကပ်ပြီး တောင်းဆိုခဲ့ပါတယ်။
2021-01-06
ကရင်တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တု စိုက်ထူထားရှိတာကို အစိုးရဘက်က အသိအမှတ်ပြုပေးဖို့နဲ့ တားဆီးပိတ်ပင်တာတွေ မလုပ်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2021-01-06
ကပ်ရောဂါနဲ့ စစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို ထောက်ပံ့ကူညီနေပါတယ်။
2021-01-03
ရက္ခိုင့်တပ်တော် AA အဖွဲ့ရဲ့ နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ် စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောက သူတို့သုံးဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကြောင့် မျိုးဆက်သစ်တွေ နိုင်ငံရေးကို ကြောက်သွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။
2021-01-01
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ သုံးဦးကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ သူတို့ သုံးဦးကို တပ်မတော်က AA အဖွဲ့ဆီကနေ လွှဲပြောင်းလက်ခံလာပြီး စစ်တွေမြို့ကို ခေါ်ဆောင်လာတာဖြစ်ပါတယ်။