သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-22
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာ အုပ်စုမှာ အရင်က တနိုင်တပိုင် တူးနေတဲ့ ကျောက်မိုင်းတွေမှာ ၂၀၁၆ လောက်က စတင်ပြီး ကုမ္ပဏီတွေ တူးဖော်နေပါတယ်။
2018-05-22
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တွေ ဒါကာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့ကြပါတယ်။
2018-05-22
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို အခုလကုန်မှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းကော်မတီ အစည်းအဝေးတွေအတွက် အချိန်လုံလောက်မှုမရှိတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
2018-05-21
ရိုက်တာသတင်းထောက် ၂ ယောက်အမှုမှာ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ဒု-ရဲမှူးမိုးရန်နိုင်အတွက် စာချွန်လွှာတင်ဖို့ သူ့ရှေ့နေ ဦးရောဘတ်စန်းအောင် က အင်းစိန်ထောင်မှာ ဒီနေ့ တွေ့ခွင့်ရပြီး၊ သူ့ဖြစ်ရပ်ကိုမေးမြန်းနိုင်ခဲ့ပါတယ်။
2018-05-21
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးက နုတ်ထွက်စာတင်ပြထားကြောင်း သတင်းအပါအဝင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တချို့ကို စုံစမ်းစစ်ဆေးအရေးယူတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာပါတယ်။
2018-05-21
မေလကုန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မကျင်းပနိုင်တာ ဘယ်လိုအခြေအနေတွေကြောင့်ပါလဲ။
2018-05-21
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အတွင်း ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် အင်ဂျန်းယန်မြို့ပေါ် ထွက်ပြေးရောက်ရှိနေသူတွေကို မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးအပါအဝင် ခရိုင်အဆင့် တာဝန်ရှိသူတွေ၊ ကြက်ခြေနီအသင်းနဲ့ အင်ဂျန်းယန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2018-05-19
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံကို လာမယ့် မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် ပါတီဌာနချုပ်မှာ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
2018-05-19
ရန်ကုန်မြို့ မြေနီကုန်းမှာ မေလ ၁၂ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို အင်အားသုံး ဖမ်းဆီးခြင်းဟာ ဥပဒေနဲ့ အညီ ဆောင်ရွက်တာ မဟုတ်ဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ တဆက်တည်း ဆန္ဒပြသူတွေကို ဖမ်းစီးခဲ့ပေမယ့် တန်ပြန်ဆန္ဒပြသူများကို ဖမ်းဆီးခြင်း မရှိတာဟာလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောထားအမှန်ကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။
2018-05-19
ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ Myanmar Economic Monitor ထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ တိုးတက်လာမယ်လို့ ခန့်မှန်းထားပေမယ့် စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပြီး အဲဒီအစီရင်ခံစာထဲက ထောက်ပြထားတဲ့အချက်တွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် အနာဂတ်စီးပွားရေး တိုးတက်မှုအပေါ်မှာ သက်ရောက်မှုရှိမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
2018-05-19
မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့ တာမွေမြို့နယ်မှာ စစ်ပွဲတွေရပ်တန့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုအတွင်း သတင်းမီဒီယာတွေကို ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့ရာမှာ တာဝန်ကျရဲဝန်ထမ်းတွေက ကာကွယ်မှု မပေးခဲ့တဲ့အတွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2018-05-18
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြန့်ကျက်စဉ်းစားပြီးဖြေဆိုရတဲ့ မေးခွန်းပုံစံကို ပြောင်းမှာဖြစ်တဲ့အတွက် ကျောင်းသားတွေ အဲဒီဖြေဆိုနည်းနဲ့ အကျွမ်း တဝင်ဖြစ်အောင် သင်ကြားပေးနိုင်ဖို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကဦးစီးပြီး တက္ကသိုလ် ဝင်တန်းသင် ဆရာ၊ ဆရာမ ၄ဝဝ လောက်ကို ရန်ကုန်တက္ကသိုလ်မှာ မွမ်းမံသင်တန်းပေးခဲ့ပါတယ်။
2018-05-18
မြန်မာနောင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်း တရားစွဲခံနေရတဲ့အမှုမှာ တရားမျှတမှုမရတဲ့ အခြေအနေရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုကိုမဖြစ်မနေမေးရမယ့် မေးခွန်းတွေပယ်ချခံရတယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။
2018-05-17
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ငါးပေါင်းမှုန့် စက်ရုံက အနံ့ဆိုးတွေထွက်တဲ့အတွက် ပတ်ဝန်းကျင် မှာရှိတဲ့ ဒေသခံတွေ ကျန်းမာရေးထိခိုက်တာတွေ ရှိနေလို့ အဲဒီစက်ရုံကို ပိတ်သိမ်းပေးဖို့ ဒေသခံ ၂ဝဝ ကျော်က ခွင့်ပြုမိန့်တင်ပြီး မနေ့က ဆန္ဒပြခဲ့ကြ ပါတယ်။
2018-05-17
ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကျင်းပခဲ့ရာမှာ ပါဝင်ခဲ့သူတွေကို ဆုတောင်းပွဲအပြီးမှာ နတ္တလင်းမြို့မရဲစခန်းက ဖမ်းဆီးသွားပြီး ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။