သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-09
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ထုတ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ညွှန်ကြားထားပါတယ်။
2018-05-09
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ ကပြခဲ့တဲ့ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို တပ်မတော်ဘက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတဲ့အမှုကို မနေ့က ထောင်ဒဏ် ၃ လ အမိန့် ချမှတ်လိုက်ပါတယ်။
2018-05-08
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးနိုင်မယ့် မွန်တိုင်းရင်းသားတွေရဲ့ သဘောထား အချက် အလက်တွေရရှိခဲ့ပြီလို့ သိရပါတယ်။
2018-05-08
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆွစ်ဇာလန် ဝါရင့်အမျိုးသမီးသံအမတ်ကြီး Christine Schraner Burgener ကို ခန့်အပ်ခြင်းအပေါ် မြန်မာအစိုးရ က သဘောတူ လက်ခံလိုက်ပြီဖြစ်ပါတယ်။
2018-05-08
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒါဏ်ခံနေရတဲ့ မန်ဝယ် ( လိုင်နောင်းခူ ) ရွာသားတွေကို ဘေးကင်းရာတွေမှာ နေရာချထားပေးနိုင်ပြီဆိုမှသာ မနောကွင်းမှာ စုဝေးနေတဲ့ ကချင်လူငယ်တွေက သူတို့ရဲ့ သပိတ်စခန်းကို ရုပ်သိမ်းမှာလို့ ပြောပါတယ်။
2018-05-08
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ထံ ကြိုတင်အသိပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2018-05-08
လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းတာ၊ နှောင့်နှေးတာတွေကြောင့် ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးနေရာ ၃ ခုကို အပြောင်းအလဲလုပ်ဖို့ နိုင်ငံတော် သမ္မတထံ တင်ပြထားတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။
2018-05-07
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြတဲ့ ဒုက္ခသည် ၁၀၀ ကျော် ဟာ နေရပ်ပြန်လိုတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးက တဆင့် လျှောက်ထားခဲ့ရာမှာ မနက်ဖြန်က စတင်ပြီး မြဝတီနယ်စပ်ဂိတ်ကနေ တဆင့် ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာမှာဖြစ်ပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာထဲက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် မနေ့က ပြိုကျခဲ့ပါတယ်။ မြေပြိုတဲ့အထဲ ပါသွားသူတွေကို ရှာဖွေနေရာကနေ ရာသီဥတုဆိုးဝါးလာတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်လွယ်ရွာက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကယ်တင်ကြ မယ့်အဖွဲ့တွေကို မြောက်ပိုင်းတိုင်းတိုင်းမှူးရဲ့ အမိန့်အရ ဒုက္ခသည်တွေကို ခေါ်ဆောင်ခွင့်မပြုဘူး ဆိုတဲ့အတွက် ကာမိုင်းမြို့အရောက်မှာ ပြန်လည်ညှိနှိုင်းနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ထဲမှာ ပါတဲ့ မြစ်ကြီးနားမြို့ KBC အသင်းတာဝန်ခံ ဆရာခါးလီ ကပြောပါတယ်။
2018-05-05
တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ ထွက်ပြေးပြီး တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ကယ်ထုတ်ဖို့စီစဉ်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကချင်ဘာသာရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းဒေသ ဆိပ်မူကျေးရွာ ဝှေခါရွာမှာ ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့ မနက်အစောပိုင်းက မြေစာပုံပြိုကျခဲ့တဲ့အတွက် လက်ရှိအချိန်အထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းကို ရှာတွေ့တယ်လို့ ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ က ပြောပါတယ်။
2018-05-04
ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ KIA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ သွားရောက် ကယ်ဆယ်ကြမှာဖြစ်ပါတယ်။
2018-05-03
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် တိုးတက်လာဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လိုမယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေထောက်ကူပြုသူများအဖွဲ့ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြလိုက်ပါတယ်။
2018-05-03
၂၀၁၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေအရ ၂၀၁၈ မေလ ၂ ရက်နေ့ထိ တရားစွဲ ဆိုတဲ့အမှုပေါင်း ၁၂၅ မှုရှိတယ်လို့ အသံ ဆိုတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။