သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-09
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှာ RCSS နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီး၊ အရပ်သားတွေကို ဖမ်းလိုက်ပြီးတဲ့နောက် အခုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အရပ်သား ၈ ယောက်ကို ပုဒ်မမျိုးစုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချလိုက်ပါတယ်။
2018-03-09
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းတမ်းစွာပြုမူမှုတွေအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စွဲချက်တင်နိုင်ရေး ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-03-09
ကချင်ပြည်နယ် မန်စီမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကနေ နွားကျောင်းရင်းပျောက်ဆုံးသွားတဲ့ ကချင်တိုင်းရင်းသားနှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံရွာသားတွေက ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မိသားစုဝင်တွေနဲ့ ရဲအရာရှိနဲ့ ဆရာဝန်တွေက အလောင်းရှိတဲ့နေရာကို ဒီနေ့ သွားရောက် စစ်ဆေးခဲ့ပါတယ်။
2018-03-09
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲ မြစ်ငယ်မြစ် (ဒုဌဝတီမြစ်) ပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက တည်ဆောက်နေတဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအနီးက တာလုံဆိုတဲ့ရွာကို အစိုးရကဖယ်ရှားခိုင်းပေမယ့် ဒေသခံတွေက လက်မခံကြပါဘူး။
2018-03-09
မွန်ပြည်သစ်ပါတီ တပ်တည်ရှိတဲ့ နေရာ ငါးခုမှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ လူထုတွေဆုံပွဲတွေကို လူဦးရေအကန့်အသတ်နဲ့သာ ပြုလုပ်ဖို့ တပ်မတော်က တားမြစ်ခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ လူထုတွေဆုံပွဲတွေကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2018-03-08
ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဌာနဆိုင်ရာတွေအပေါ် မကျေနပ်ချက်တွေကို ကိုယ်တိုင် လွယ်ကူစွာ တိုင်ကြားခွင့်ရရှိဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဆောင်ရွက်ထားသလဲ ဆိုတာကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက မေးမြန်းခဲ့ပါတယ်။
2018-03-07
မြန်မာရွှေ့ပြောင်းလုပ်သား ၂သန်းကျော်လောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတချို့ကိုပြင်ဆင် ဖို့ ဆောင်ရွက်နေပါတယ်။
2018-03-07
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းရေးတွေ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှုးချုပ်က ပြောပါတယ်။ သူ့ရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အခုလို ပြောကြားလိုက်တာပါ။
2018-03-07
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရစစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေကို ပစ်ခတ်မှုတွေရှိနေတာကြောင့် အထိတ်တလန့် ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပစ်ခတ်တာမျိုး အခု မတ်လအတွင်း ၃ကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။ အလားတူ ဒေသတွင်း ဝင်ရောက်လာတဲ့ အစိုးရတပ်တွေကို KNU ဘက်ကလည်း ပစ်ခတ်မှုတွေရှိပါတယ်။
2018-03-06
အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေဖို့နဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။
2018-03-06
ဆန်စက်နဲ့ စပါးကုန်သည်တွေ၊ အကျိုးဆောင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅သိန်းဈေးနှုန်း အခြေခံပြီး ဝယ်ယူဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-03-05
ရခိုင်ပြည်နယ်အရေး လွှတ်တော်မှာ အဆို တင်သွင်းမှုတွေမှာ အခက်အခဲတွေရှိနေကြောင်း၊ တချို့မေးခွန်းတွေနဲ့ အဆိုတွေကို အတည်မပြု နိုင်ခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
2018-03-05
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ ပေးဖို့ ဒီနေ့ သတ်မှတ်လိုက်ပါတယ်။
2018-03-05
မတ်လ ၃ ရက်နေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ခိုင်နန်းရွှေကုမ္ပဏီရဲ့ ၅၇ လုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2018-03-05
ကေအိုင်အေနဲ့ အစိုးရ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားတာတွေ လတ်တလော ရပ်တန့်နေပေမယ့် အစိုးရစစ်ကြောင်းတွေ ဟာ ကေအိုင်အေတပ်ရင်း ၁၄ ရှိရာ တနိုင်းဒေသနဲ့ တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ ပူတာအိုဒေသတွေမှာ အများအပြား ရောက်ရှိနေတဲ့ အတွက် အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ် လို့ ကေအိုင်အေဘက်က ပြောပါတယ်။