သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-18
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးရွာ ၂၃ ရွာက လူငယ်တွေနဲ့ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုက အဖွဲ့ဝင်တွေပါဝင်တဲ့ လူအင်အား ၂ ထောင်ကျော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံ ပါတီဝင်အဖြစ် ဒီနေ့ဝင်ရောက်ခဲ့ကြပါတယ်။
2018-02-17
အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ် အခွန်တွေ လျှော့ချပေးဖို့၊ ဘဏ်ချေးငွေအတိုးနှုန်း လျှော့ချပေးဖို့ စတဲ့ အချက်တွေကို ဒီနေ့ ရန်ကုန်မြို့ မင်းဓမ္မလမ်းက MCC ခန်းမမှာ ကျင်းပတဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍမှာ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးဖို့ တင်ပြတောင်းဆိုတဲ့ အခမ်းအနားမှာ လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။
2018-02-17
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးနေရာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးနေရာအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်ထံ အဆိုပြုတင်သွင်းထားသူ နှစ်ဦးဟာ အရင်အစိုးရ လက်ထက်အဆက်ဆက်မှာ တာဝန်ထမ်းခဲ့သူတွေဖြစ်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ဆောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
2018-02-17
ပြီးခဲ့တဲ့နှစ် ဆူပူမှုတွေအပြီး စစ်တွေကို သွားရောက် ခိုလှုံရာကနေ မောင်တောမြို့ကို အာဏာပိုင်တွေ ပြန်ပို့ခဲ့တဲ့ မောင်တောမြို့နယ် ကျေးရွာတွေက ဟိန္ဒူဘာသာဝင် ၅ဝဝ ခန့်ဟာ မူလနေရပ်ပြန်ဖို့ ကြောက်လန့်နေကြသလို အစားအစာ အခက်အခဲ လည်း ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။
2018-02-17
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ လစ်လပ် သွားသော ဒုတိယဥက္ကဌ (၁) နေရာအတွက် ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်) ကို သတင်းမီဒီယာကောင်စီဝင်တွေက ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
2018-02-17
လတ်တလော မြန်မာ့ငွေကြေး ဖောင်းပွနှုန်းဟာ ၅% ကျော်ပဲရှိပြီး၊ ပြည်ပကို ဆန်တင်ပို့တာနဲ့ ပြောင်းဈေး ကောင်းတဲ့အတွက် တောင်သူတွေ ခံသာနေသလို၊ တဘက်မှာတော့ ပဲဈေးကွက် မကောင်းတာ၊ အိမ်ခြံမြေဈေးကွက် ကျနေတာက အခက်အခဲဖြစ်နေပါတယ်။ ဒါ့အပြင် ဝင်ငွေလမ်းကြောင်း မပြနိုင်တဲ့သူတွေကို ကောက်ခံတဲ့ ဝင်ငွေခွန်လျှော့ချပေးဖို့လည်း လွှတ်တော်မှာ ဆွေးနွေးနေကြပါတယ်။
2018-02-17
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီမူကြမ်းထွက်လာတာနဲ့ ပညာရေးအဖွဲ့တချို့က ဝေဖန်ထောက်ပြ၊ ကန့်ကွက်ခဲ့ကြပါတယ်။
2018-02-17
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နေရာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး နေရာတွေအတွက် တိုင်းဝန်ကြီးချုပ်က အမည်တင်သွင်းသူတွေကို ဒီကနေ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူများတဲ့အတွက် အတည်ပြုမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
2018-02-17
နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေ၊ သံအရာရှိတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသက တောင်ပြိုနဲ့ ငခူရ လက်ခံရေးစခန်း၊ လှဖိုးခေါင်ကြားခံစခန်းနဲ့ ကညင်ချောင်းစီးပွားရေးဇုန်တွေကို မနေ့က သွားရောက်လေ့လာခဲ့ကြပါတယ်။
2018-02-15
NLD အစိုးရဟာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက်ရေးကို အားမပေးဘူးလို့ မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီရဲ့ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက် က သုံးသပ်ပါတယ်။
2018-02-15
အဖမ်းခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရဲမှူး ဒုတိယရဲမှူးကြီး ယုနိုင်ရဲ့ ထွက်ဆိုချက်များကို သတင်းရေးသားဖေါ်ပြရာမှာ သတင်းရေးသားသူရဲ့ ထင်မြင်ယူဆချက်တွေနဲ့ 7DAY DAILY က ဖေါ်ပြခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပါတယ်။
2018-02-14
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အမှုမှာ တရားခံလို့ စွပ်စွဲခံရသူ နှစ်ဦးကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့တယ်ဆိုသူ ရဲအရာရှိတဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ စစ်ဆေးပါတယ်။
2018-02-14
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိတဲ့အကြောင်း ဆွေးနွေးကြသလို မြန်မာအစိုးရက အခြေအနေတွေကို ထိန်းချုပ်ထားနိုင်တာတွေရှိလာတဲ့အတွက် စိတ်ရှည်စွာစောင့်ကြည့်ကြဖို့ တင်ပြခဲ့တာတွေလည်းရှိပါတယ်။
2018-02-14
NCA စာချုပ်မှာ ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက်က ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ မနေ့က ရန်ကုန်မြို့က တရုတ်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2018-02-14
မြန်မာနိုင်ငံပြန်လာမယ့် ရိုဟင်ဂျာတွေ လုံခြုံရေးအတွက် ကုလသမဂ္ဂစောင့်ရှောက်တဲ့နေရာတခု တည်ဆောက်ပေးဖို့ နိုင်ငံတကာမှာ တိုက်တွန်းနေတယ်လို့ BROUK အဖွဲ့က ဦးထွန်းခင် ကပြောပါတယ်။