သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-06
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စာရာမေတိတောင်ကို သွားရောက်လေ့လာတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ တိုင်းအစိုးရတာဝန်ရှိသူတချို့ ပါဝင်တဲ့အဖွဲ့ကို ဒေသခံတွေက မသော်ရီကျေးရွာအနီးမှာ မနေ့က တားဆီးခဲ့ကြပါတယ်။
2018-02-05
ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ NLD အစိုးရအနေနဲ့ ရေငုံနှုတ်ဆိတ်နေတာဟာ ပြည်တွင်းစစ်ကို ပိုမိုတွန်းအားပေးနေသလို ဖြစ်နေကြောင်း စစ်ဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ် ကူူညီရေးကော်မတီ က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-05
တနင်္သာရီတိုင်းအတွင်း အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လိုမလို တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
2018-02-05
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မိုးကောင်းမြို့နယ်က တပ်မတော်ဌာနချုပ်နဲ့ တပ်စခန်းတွေကို ကေအိုင်အေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာဟာ ထိုးစစ်ဆင်တာမဟုတ်ဘဲ ရှေ့တန်း နည်းဗျူဟာအရ အနှောင့်အယှက်ပေးတဲ့ အခြေအနေလောက်သာဖြစ်တယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
2018-02-05
တပ်မတော်အနေနဲ့ မြောက်ပိုင်း မဟာမိတ်အဖဲ့ွတွေရဲ့ နယ်မြေတွေထဲကို ထိုးစစ်ဆင်တာတွေရှိနေတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထိုးစစ်ဆင်တာဟာ အချိန်ကြာနေပြီလို့ မြောက်ပိုင်း မဟာအဖွဲ့မှာပါတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
2018-02-05
ကချင်ပြည်နယ် ဒေသတချို့မှာ တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် အစိုးရက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။
2018-02-02
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ ၇ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အတွက် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့ဟာ အချိန် ၂ လ ယူပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လွှတ်တော်ဥက္ကဌဆီကနေ ခွင့်ပြုချက် တောင်းခံထားပါတယ်။
2018-02-02
လတ်တလောဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ နိုင်ငံရေး ဆွေးနွေးပွဲ တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာတဲ့အနေနဲ့ အစိုးရ တပ်မတော်က တာဝန်ရှိသူတွေနဲ့ ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
2018-02-02
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုကို အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ "မင်းတို့ ထမင်းဝအောင်စားထား" ဆိုတဲ့ စာသားရိုက်နှိပ်ထားတဲ့ အကျီဝတ်ဆင်ထားတဲ့ လူတစ်စုဟာ ဖမ်းဆီးခံထားရသူတွေဘက်က လာရောက်ဝန်းရံခဲ့ပါတယ်။
2018-02-01
ပညာရေးဘတ်ဂျက်တိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ/ကျောင်း သားတွေကို နောက်နောင်အကျင့်စာရိတ္တတွေ၊ ကျောင်းစည်း ကမ်းတွေ မဖေါက်ပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ကို မိဘအုပ်ထိမ်းသူတွေရဲ့ ထောက်ခံချက်နဲ့ အသနား ခံစာတင်လာရင် ကျောင်းပြန်တက် ခွင့်ပေးရမယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ညွှန်ကြားချက်ကို ပညာရေးဝန်ကြီးဌာက ကျောင်းအသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဒီနေ့မနက်ပို့လိုက်ပါတယ်။
2018-02-01
ပညာရေးဘတ်ဂျက်တိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့လို့ ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ/ကျောင်းသားတွေကို နောက်နောင်အကျင့်စာရိတ္တတွေ၊ ကျောင်းစည်းကမ်းတွေ မဖေါက်ပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ကို မိဘအုပ်ထိန်းသူတွေရဲ့ ထောက်ခံချက်နဲ့ အသနားခံစာတင်လာရင် ကျောင်းပြန်တက်ခွင့်ပေးရမယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ညွှန်ကြားချက်ကို ပညာရေးဝန်ကြီးဌာက ကျောင်းအသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဒီနေ့မနက် ပို့လိုက်ပါတယ်။
2018-02-01
အစိုးရတပ်မတော်က စစ်ဆင်ရေးတွေ မလုပ်နိုင်အောင်လို့ဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတား တချို့ကို ကေအိုင်အေက ဇန်နဝါရီ ၂၈ က ဖျက်ဆီးပြီးတဲ့နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်မှု ရှိလာတာကြောင့် ပူတာအိုဒေသမှာ ကုန်ဈေးနှုန်းတွေကြီးမြင့်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2018-02-01
ကချင်ပြည်နယ် တနိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ကို ကယ်ထုတ်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဆီကို အကူအညီတောင်းခံစာ ဒီကနေ့ ပေးပို့လိုက်တယ်လို့ စစ်ဘေးသင့်ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ကူညီရေးကော်မတီ (ကချင်ပြည်နယ်) က ပြောပါတယ်။
2018-01-31
မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့တွေက အနည်းဆုံး အခကြေးငွေကို ငွေကျပ် ၅၆၀၀ ရရှိဖို့ နဲ့ အလုပ်ရှင်တွေက ၄ထောင်သာ သတ်မှတ်ပေးဖို့ တင်ပြမှုတွေ ရှိနေပါတယ်။
2018-01-31
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတား နဲ့ စက်ယန္တရားတချို့ကို ကေအိုင်အေက ဖျက်ဆီးလိုက်တာကြောင့် အဲဒီတဝိုက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ လမ်းလုပ်သား အယောက် ၅၀၀ ကျော်ဟာ ဆွမ်ပရာဘွမ်မှာ ခိုလှုံနေကြပါတယ်။