သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-02
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို ချင်းတွင်းမြစ်အတွင်းမှာ ပြေးဆွဲနေတဲ့ ရာဇာထွန်း အမြန်ရေ ယာဉ်ဟာ အောက်တိုဘာလ ၁ ရက် မနက် ၅ နာရီလောက်က ကလေးဝမြို့ ဂဇစ်ကျေးရွာအနီးမှာ နစ်မြုပ် ခဲ့ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေရှိတွေလည်းရှိနေပါတယ်။
2015-11-01
လွန်ခဲ့တဲ့ အနှစ် ၄ဝ လောက်က အမျိုးသားစာပေ ဆုရှင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး-အင်းဝ ဂုဏ်ရည်ကို ဒီနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်လိုက်ပါတယ်။
2015-11-01
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA ဌာန ချုပ်အခြေစိုက် ဝမ်ဟိုင်းအနီးမှာ မနေ့ညပိုင်းအထိ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
2015-11-01
လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာထားတဲ့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်းတွေဟာ ဒေသခံတွေဆီက လက်မှတ်ကောက်ခံပြီး လွိုင်လင်ခရိုင် ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြထားပါတယ်။
2015-11-01
စိမ်းလမ်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းက လက်ရှိအစိုးရနဲ့ လာမယ့်ရွေးကောက်ပွဲပေါ်မှာ အများပြည်သူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ယူထားပါတယ်။
2015-11-01
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးသောင်းညွန့်က သူတို့ပါတီအနေနဲ့ မြို့နယ်အတွင်းရှိ မဲဆန္ဒနယ် ၂ ခုလုံးမှာ ၆ဝ ရာခိုင်နှုန်းစီ အနိုင်ရမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားလိုက်ပါတယ်။
2015-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းဟာ သူရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ သာကေတမြို့နယ်မှာ မနေ့ညပိုင်းက မဲဆွယ်စည်းရုံးနေချိန် အကြမ်းဖက်တိုက်ခိုက်ခဲ့သူ ၃ ဦးကို NLD ပါတီဘက်က ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွ့ဲဝင် ဦးဝင်းထိန်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။