သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-03
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာမှာ ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲတာကြောင့် တရုတ်နိုင်ငံသား ၁ ဦး နဲ့ မြန်မာ မိုင်းလုပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-03
ကျောင်းသားသမဂ္ဂ ၆၃ ခုရဲ့ ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ မနေ့ က တွေ့ဆုံပွဲမှာ အဆင့်မြင့်ပညာရေးဥပဒေ မူကြမ်း ပြန်လည်ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း ပြီးရေးဆွဲရာမှာ နိုင်ငံတဝှမ်းကရွေးချယ် တဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေကို ပါဝင်ရေးဆွဲခွင့်ပြုဖို့ သဘောတူညီခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဥက္ကဋ္ဌ ကိုနန်းလင်း ကပြောပါတယ်။
2018-08-02
ထိုင်းနိုင်ငံမှာ ဗီဇာအတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ဝန်းကျင်ကို စစ်ဆေးတွေ့ရှိထားတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ဗီဇာအတု ကိုင်ဆောင်ရင် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တာကြောင့် အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ဗီဇာကို အစစ် ဟုတ်မဟုတ် နယ်စပ်ဂိတ်တွေမှာ စစ်ဆေးနိုင်ဖို့ ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းပေးထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
2018-08-02
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကျောင်းတွေအလိုက် ပဋိညာဉ်တွေ ရေးဆွဲအတည်ပြုပြီးမှသာ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းကို ရေးဆွဲနိုင်မှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2018-08-01
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အစိုးရကယ်ဆယ်ရေး လက်လမ်းမမီတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တကောင်းဘိုး၊ မီးပုံး၊ ကုန်းတန်းကြီး...စတဲ့ ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူငယ်တွေ သြဂုတ်လ ၁ ရက်နေ့က ကူညီထောက်ပံ့ရေး သွားရောက် လုပ်ခဲ့ပါတယ်။ အဲဒီကျေးရွာတွေမှာ လယ်မြေတွေ ရေကြီးနစ်မြုပ်ပျက်စီးနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
2018-08-01
ပဲခူးတိုင်းမှာ ရေဘေးဒုက္ခသည် တစ်သိန်းကျော်ရှိပါတယ်။ ဒုက္ခသည် လေးသောင်းကျော်ဟာ ပဲခူးမြို့ပေါ်မှာ ရွှေ့ပြောင်းနေရပါတယ်။ ရွှေကျင်မြို့မှာ နှစ်သောင်းကျော် ရှိပါတယ်။ ရေဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးကို စစ်တပ်က ကူညီစောင့်ရှောက်နေပေမယ့် စားသောက်ဖို့အတွက် “ဆန်” လိုအပ်နေပါတယ်။
2018-08-01
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ တရားသူကြီးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) အရ တရားရှင်လွှတ်ဖို့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ရေးထားတာဟာ စာမျက်နှာ ၄ မျက်နှာပဲ တွေ့ရှိရပါတယ်။ ဒီအချက်ဟာ ဥပဒေ ရှုထောင့်အရ အင်မတန် ပေါ့လျှော့စွာနဲ့ တစုံတခု ပယောဂကြောင့် ပြုမူခဲ့တယ်လို့ သံသယဖြစ်စရာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဒေါ်စန်းစန်းမြင့် က RFA ကိုပြောပါတယ်။