သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-22
စစ်ကောင်စီလက်အောက်ခံ တပ်မတော် သိပ္ပံနဲ့ နည်းပညာသုတေသနဌာနက ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော်ဟာ CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုမှာပါဝင်လာခဲ့ပြီး လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အခုရောက်ရှိနေပါပြီ။ သူအခုလို ပြည်သူနဲ့ ပူးပေါင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော် ကို RFA က သီးသန့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
2022-03-21
အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန်တယ်လို့ တရားဝင်ကြေညာလိုက်တဲ့အတွက် “အမေရိကန်ရဲ့ ပေါ်လစီတွေဟာ ဒီထက်မက ပြင်းထန်ပြီးတော့ အရေးယူမှုတွေ ရှိလာနိုင်တယ်” လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က သုံးသပ်ပါတယ်။
2022-03-21
အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန်တယ်လို့ တရားဝင်ကြေညာလိုက်တာဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေတောင်းဆိုနေတဲ့ စစ်အုပ်စုကိုအရေးယူဖို့ကိစ္စအတွက် ဒီဆုံးဖြတ်ချက်ကြောင့် ပိုပြီးအားကောင်းသွားနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။
2022-03-21
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနက ဒုတိယဗိုလ်မှူးကြီး ဗညားကျော်ဟာ CDM အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုမှာပါဝင်လာခဲ့ပြီးနောက် လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို အခုရောက်ရှိနေပါပြီ။ သူအခုလို ပြည်သူနဲ့ ပူးပေါင်းခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး ဗညားကျော်ကို RFA လွတ်လပ်တဲ့အာရှအသံက သီးသန့် ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
2022-03-16
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်ဒီစီ အမျိုးသား စစ်ကောလိပ်က အရှေ့တောင် အာရှရေးရာ လေ့လာသုံးသပ်သူ Zachary Abuza က ပြောလိုက်ပါတယ်။
2022-02-04
လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ ဘယ်လိုဆွေးနွေးမလဲ၊ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်နဲ့ CDM မှာ ပါဝင်တဲ့ လူငယ်တွေရဲ့ ပညာရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။။
2022-01-11
စစ်ကိုင်းတိုင်း ဝက်လက်မြို့က DVB သတင်းထောက် ဦးအောင်စံလင်း အဖမ်းခံရတာ တစ်လကြာပြီ ဖြစ်ပေမယ့် သက်ရှိထင်ရှား ရှိနေသေးလား၊ ဘယ်မှာရှိနေလဲဆိုတာကို မိသားစုက စုံစမ်းလို့မရဖြစ်နေပါတယ်။ မိသားစုဆီ ငွေတောင်းပြီး ခြိမ်းခြောက်တဲ့ ဖုန်းတွေလည်းရှိနေတာကြောင့် နေအိမ်ကနေ ရှောင်တိမ်းနေကြရပါတယ်။
2022-01-06
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်သွားမယ့်ခရီးစဉ်ဟာ အာဆီယံအဖွဲ့ရဲ့သဘောတူညီချက်နဲ့ သွားရောက်တာမဟုတ်ဘဲ သူတစ်ဦး တစ်ယောက်တည်းရဲ့ သဘောထားနဲ့ သွားရောက်မှာ ဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က RFA ကို ပြောကြားလိုက်ပါတယ်။
2022-01-04
ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ CRPH/NUG စတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာဟာ လုံးဝ မဟုတ်မမှန်ပါဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က RFA ကို ပြောပါတယ်။
2022-01-02
စစ်ကောင်စီဘက်က ဒီဇင်ဘာ ၃၁ ရက်နေ့က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတစ်ဝိုက်ကို ဇန်နဝါရီ ၁ ရက် ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က ပြောပါတယ်။