သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-10
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ အသစ်ဖွဲ့စည်းရာမှာ မန္တလေးတိုင်းက မြို့နယ် ၆ခုမှာ ဖွဲ့စည်းပြီးသားအဖွဲ့ဝင်တွေထဲက တချို့ပြန်လည် ပယ်ဖျက်ခံရတာတွေ ရှိနေပါတယ်။
2018-01-10
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရတဲ့အပေါ် ပြန်လည်ညှိနှိုင်းဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
2018-01-10
အန်အယ်လ်ဒီအစိုးရလက်ထက် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံစီးပွားရေး ဦးမော့အောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲ၊ မျှော်လင့်အားကိုးပြီး မဲထည့်လိုက်တဲ့ ပြည်သူတွေရဲ့ ဆင်းရဲကျပ်တည်းမှုဘဝတွေ ဘယ်လောက်ထိ ပြေလည်တိုးတက်လာမလဲ ဆိုတာတွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီပါတီ ဗဟိုစီးပွားရေးကော်မတီအတွင်းရေးမှူး ဦးမင်းခင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-09
အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်လို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ BROUK အဖွဲ့ ဥက္ကဌ ဦးထွန်းခင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-08
ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်တွေ ကို စိတ်ချလုံခြုံမှုမရှိဘဲ မြန်မာနိုင်ငံပြန်ပို့ခြင်း မရှိအောင် အမေရိကန်အစိုးရအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ ရိုဟင်ဂျာခေါင်းဆောင်တချို့က တနင်္လာနေ့ မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
2018-01-08
ရခိုင်ပြည်နယ်ပြဿနာကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နေတဲ့အချိန်မှာ ပဋိပက္ခဖြစ်အောင် နယ်မြေဒေသ မတည်ငြိမ်အောင် အဖျက်အမှောက် အကြမ်းဖက်လုပ်တဲ့အဖွဲ့ကို အားပေးကူညီတာ၊ ထောက်ခံရာရောက်တဲ့ အပြုအမူတွေ ပြုလုပ်တာ၊ ထောက်ခံရာရောက်တဲ့ အရေးအသားအပြောအဆိုတွေ မလုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောလိုက်ပါတယ်။
2018-01-08
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အပြီးသတ်ဆွေးနွေးတဲ့အခါ ပြေလည်မှုမရရှိမှာကို ငြိမ်းချမ်းရေးကော်မရှင်က စိုးရိမ်မှုတွေရှိနေတယ်လို့ UNFC ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းဇော် ကပြောပါတယ်။
2018-01-08
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်နယ် လင်းခေးမြို့မှာ ပြုလုပ်မယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ယာယီရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2018-01-07
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အရေးပေါ် အစည်းအဝေးမှာ DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိ မ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ကြပြီး တတိယအကြိမ် ၂၁ ပင်လုံညီလာခံကို ရွှေ့ဆိုင်းသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
2018-01-06
ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နေ့အထိ ကျင်းပနေတဲ့ ရခိုင်အမျိုးသားပါတီရဲ့ စတုတ္တအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်ချချ ရခိုင်အမျိုးသားပါတီ ဥက္ကဌရာထူးနဲ့ ပါတီအဝင်အဖြစ်ကနေ နုတ်ထွက် မှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါ တယ်။
2018-01-05
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့မှာ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရသူ ၅ ဦးကို တရားရုံးက ထိုးခိုင်းတဲ့ ခံဝန်ကို မထိုးတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ထားဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
2018-01-05
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် SEA နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring Resort မှာ ပြုလုပ်နေချိန်မှာ မြစ်ဆုံဒေသခံရွာသားတွေက ဧရာဝတီမြစ်ဆုံစီမကိန်းကို ဆက်လက်အကောင်အထည်မဖော်ဖို့ အဲဒီဟိုတယ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2018-01-05
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်းမှာ KIA က တဖက်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခု ဇန်နဝါရီလ ၃ ရက်နေ့အထိ ကေအိုင်အေရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိကစခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2018-01-05
ကချင်အမျိုးသားအစည်းအရုံး KNO က မြန်မာ့တပ်မတော်ရဲ့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူ့အခွင့်အရေးချိုးဖေါက်နေတာတွေကို ရှုတ်ချကြောင်းနဲ့ လက်ရှိအစိုးရကလည်း တပ်မတော်ရဲ့လုပ်ရပ်တွေကို ကာကွယ်ပေးနေကြောင်း မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။
2018-01-05
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက စီစဉ်နေတာ နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။