သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-31
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျောင်းသားတွေတည်ထောင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်ဟာ မနက်ဖြန် ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို လိုင်ဇာမြို့မှာကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီ ၂၅ နှစ်တာကာလအတွင်း ABSDF က ကျဆုံးခဲ့သူ ၆၇၀ ရှိပြီး၊ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့သူက ၄၁၇ ယောက်ရှိခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
2013-10-29
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဖက်မှာ အစိုးရစစ်ကြောင်းတွေ များပြားလာနေတဲ့အတွက် ဒေသခံတွေ ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာနေကြပါတယ်။ သူတို့ကို ကူညီဖို့စီစဉ်နေတဲ့ ဗန်းမော်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးတူးဂျာကို RFA သတင်းထောက် မရတနာဦး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2013-10-29
မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ကိုယ်စားပြုခွင့်ပိုရလာဖို့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေက ညီလာခံတွေ ကျင်းပဆွေးနွေးနေကြပါတယ်။
2013-10-28
တိုင်းရင်းသားပေါင်းစုံရဲ့ လိုင်ဇာညီလာခံ ကျင်းပတော့မယ့်ကာလအတွင်း တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ သြစတြေးလျအခြေစိုက် မွန်အမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဦးနိုင်ဖေသိန်းဇာနဲ့ အာဖက်အေ ဆက်သွယ်မေးမြန်းခန်းကို နားဆင်ပါ။
2013-10-28
လိုင်ဇာညီလာခံနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာခေါင်းဆောင် ဦးလှမောင်ရွှွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-10-27
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ အရေးတကြီးကိစ္စတစ်ခုဖြစ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် ဒေါ်ခင်မျိုးမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-10-25
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းက ပြီးခဲ့တဲ့ ပညာသင် နှစ်ကစပြီး တက္ကသိုလ်အဆင့် ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသား ၂၀၀ ကို ဘွဲ့ရရှိတဲ့ အထိ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
2013-10-25
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေရာမှာ အစိုးရတပ်တွေက ကချင်ဒုက္ခသည်တွေရှိရာ ကျေးရွာ ၂ ရွာကို လက်နက်ကြီးတွေ သုံးစွဲပစ်ခတ်ခဲ့တယ်ဆိုပြီး ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က အောက်တိုဘာလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
2013-10-24
“အမေတစ်ခု သားတစ်ခု”၊ “အမေဒေါ်စု ပြန်လာပြီ” စတဲ့ သီချင်းတွေနဲ့ ကျော်ကြားတဲ့ အဆိုတော် လားရှိုးသိန်းအောင် ခေါ် ဂျင်မီဂျက်ဟာ နှစ်ပေါင်းလေးဆယ်ကျော် ပြည်ပမှာနေထိုင်ပြီးနောက်၊ များမကြာခင်လပိုင်းကစလို့ ဇာတိ ရှမ်းပြည်နယ် လားရှိုးမြို့မှာ အသက် ၉၉ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အတူနေထိုင်နေပါတယ်။
2013-10-22
ဒီနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အရေးပါဆုံးကိစ္စရပ်တစ်ခုဖြစ်လာပြီး၊ ပြင်ဆင်ရာမှာ တစ်ချက်ချင်းပြင်ဆင်သွားသင့်တယ်ဆိုတဲ့ အယူအဆရှိသူတွေနဲ့ စလယ်ဆုံးတစ်ခုလုံး အသစ်ရေးဆွဲရမယ်ဆိုတဲ့ အယူအဆရှိသူတွေဆိုပြီး အုပ်စုနှစ်ခုပေါ်ပေါက်လာပါတယ်။
2013-10-21
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အတွင်းရေးမှူုး နိုင်ဟံသာက ဖွဲ့စည်းပုံကို ပြင်ဆင်မယ့်အစား အသစ်ရေးဆွဲသင့်ကြောင်း၊ လာမယ့် လိုင်ဇာညီလာခံဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ညီလာခံဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ တပ်မတော်ရဲ့ကဏ္ဍကို လျော့ချဖို့လိုကြောင်းစသဖြင့် ပြောကြားလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို အာဖက်အေအဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-10-19
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ငူ၊ နမ့်ခမ်းစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲခဲ့တာတွေ၊ ဗုံးတွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2013-10-19
ရန်ကုန်မြို့နဲ့ အနီးတဝိုက် စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေမှာ အခုလပိုင်းတွေအတွင်း အလုပ်သမားတွေ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ အလုပ်သမား ခေါင်းဆောင်တွေကို စက်ရုံပိုင်ရှင်တွေက အလုပ်ထုတ်ပစ်တာတွေ များလာပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-19
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီအမည်နဲ့ မှတ်ပုံတင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လျှောက်လွှာတင်လိုက်ပြီဖြစ်ပါတယ်။
2013-10-05
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီစံနှုန်းတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေကို တစ်ခုချင်းပြင်ဆင်မယ်ဆိုတဲ့ အယူအဆနဲ့ အခြေခံဥပဒေသတစ်ခုကို အစအဆုံး အသစ်ပြန်ရေးဆွဲပြဌာန်းမယ်ဆိုတဲ့ အငြင်းပွားစရာ အယူအဆလမ်းကြောင်းနှစ်ခု ပေါ်ထွက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။