သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-31
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံထားရ တဲ့ မချောစန္ဒီထွန်းဟာ ဒီနေ့ မအူပင်အကျဉ်းထောင် ကနေ ပြန်လွတ်လာပါတယ်။
2016-03-31
နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ရဲ့ တာဝန်လွှဲပြောင်းမှုလက်ခံတဲ့ ညစာစားပွဲအခမ်းအနားကို နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်က မြက်ခင်းပြင်မှာ ဒီနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2016-03-30
အစိုးရသစ်ကိုအာဏာလွှဲပြောင်းပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ချက်တွေအပေါ် သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-03-30
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စစ်တပ်ဦးဆောင်တဲ့ ကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီရဲ့သဘောတူညီမှု လိုအပ်တာကြောင့် ထိန်းသိမ်းခံကျောင်းသားတွေ လွတ်မြောက်ရေး အတွက် မျှော်လင့်ချက်နည်းပေ မယ့် NLD အစိုးရအနေနဲ့ ကျောင်းသားတွေအတွက် တခုခုလုပ်ပေးလိမ့်မယ် လို့ မျှော်လင့်တယ်လို့ ထိန်းသိမ်းခံ ဗကသကျောင်းသူ မဖြိုးဖြိုးအောင် ရဲ့ဖခင် ဦးနေဝင်းကပြောပါတယ်။
2016-03-30
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ဥပဒေ ၁/၂ဝ၁၂ ကို ရုပ်သိမ်း လိုက်တာနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ ရဲ့ ပြောခွင့်ရသူ ဥပဒေချုပ်ဦးလှသိန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-03-30
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မနေ့က အဆိုပြုရာမှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းက ထွက်ခွာဆန္ဒပြခဲ့ကြပါတယ်။
2016-03-30
ဒီနေ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တဲ့ တိုင်းဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်ဟာ သူ တာဝန်ယူမယ့် ၅နှစ်အတွင်း အဂတိတရား ကင်းရှင်းပြီး သန့်ရှင်းတဲ့ တိုင်းအစိုးရ အဖွဲ့ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
2016-03-29
ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရတဲ့ ဒေါက်တာခက်အောင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့အခါ ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖားကန့်ဒေသမှာ အလွန်အကျွံ ကျောက်စိမ်းတူးဖော်နေမှု အခြေအနေတွေကို ဦးစားပေးအနေနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
2016-03-29
မတ်လ ၃၀ ရက်နေ့ သမ္မတသစ်ကို အာဏာ လွှဲပြောင်းရေး အစီအစဉ်အတွက် အဆင် သင့်ဖြစ်နေပြီး အခမ်းအနားအတွက် ဧည့်သည်တော်တွေနဲ့ သတင်း မီဒီယာတွေကို ဖိတ်ကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဝင်းထိန်က ပြောပါတယ်။
2016-03-29
ဒီနေ့အတည်ပြုလိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေထဲမှာ တနင်္သာရီတိုင်းနဲ့ ကရင်ပြည် နယ် ဝန်ကြီးချုပ်တွေအဖြစ် အမျိုးသမီး ၂ ဦး ပါဝင် ပါတယ်။
2016-03-29
အတည်ပြုပြီးတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေထဲက အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦးမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် လည်းပါဝင်ပါတယ်။
2016-03-28
ရန်ကုန်တိုင်းမြို့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး NLD နာယက သူရဦးတင်ဦးကို RFA ဦးတင်အောင်ခိုင်က မေးမြန်းထား ပါတယ်။
2016-03-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ပါတီကို ပါဝင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့က ငြင်းပယ်လိုက် ပါတယ်။
2016-03-27
အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးပြီး တစ်နှစ်ကျော်အကြာမှာ ကျိုက်မရော မြို့မရဲစခန်းက ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ကို မှားယွင်းမှုနဲ့ ဆိုပြီး အမှုကိုပိတ်သိမ်းလိုက်ပါတယ်။
2016-03-27
လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ကိစ္စနဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် 'ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဆွေးနွေးပွဲကျင်းပနေပါတယ်။